တတိုင်းရဘုရားပွဲ နှင့် ထမင်းနှဲပွဲတော်

တတိုင်းရဘုရားပွဲ နှင့် ထမင်းနှဲပွဲတော် March 9, 2013 Sat

ဓမ္မ မိတ်ဆွေသူတော်စင်အားလုံးကိုဖိတ်ကြားအပ်ပါသည်၊
ဓမ္မဗိမာန်ကျောင်းတိုက်မှာ ပူဇော်ထားသော တတိုင်းရ ဟုနာမဘွဲ့ခံဗုဒ္ဒရုပ်ပွားတော်မြတ်ကြီးအား ပူဇော်မည့် ဗုဒ္ဒပူဇနိယ ပွဲတော် နှင့် ထမင်းနှဲပွဲတော်ကို မတ်လ ၉ ရက်နေ့ စနေနေ့ (March 9, 2013 Saturday) တွင်ကြင်းပမည် ဖြစ်ပါသဖြင့် 6612 Brass Road, Jamestown, NC 27282 သို့ကြွရောက်ကြပါရန် လေးစားစွာဖိတ်ကြားအပ်ပါသည်၊


ပင်မစတုဒိသာ အလှူရှင်.. အဖိုးအဖွားများ နှင့်ဖခင် ဦးခင်မောင်ဝင်းအား ရည်စူးပြီး မိခင် ဒေါ်ခင်မာမာ နှင့် သားဝဏ ကိုကို
Raleigh, NC

အစီအစဉ်..၊

ထမင်နှဲကို မနက်ပိုင်းမှ စတင်ထိုးပါမည်၊

၁) နံနက် ၁၁ နာရီ ဘုရားဆွမ်းတော် ဆက်ကပ်ရန် နှင့် သံဃာတော်များအား ဆွမ်းကပ်ရန်၊

၂) နေ့ ၁၂ နာရီ ဓမ္မမိတ်ဆွေများအား စားသောက်ဖွဲစုံလင်စွာဖြင့် ကြွေးမွေးဧည့်ခံရန်၊

၃) နေ့လည် ၁ နာရီ သီလခံယူ၊ တရားနာ၊ ရေစက်ချ အမျှဝေရန်၊

ပွဲတော်မှာ ပြုနိုင်သော ကုသိုလ်..

၁) ထမင်နှဲ တစ်ဒယ်နှင့် လက်ဖက်ရည်ချို တစ်အိုး $ 50
၂) ပင့် သံဃာတော် ၃ ပါး၊ တစ်ပါး အတွက် န၀ကမ္မ အလှူ $150၊

ကျောင်းတိုက်တိုးတက်ရေး အတွက် ပြုနိုင်သော အလှူ

၁) ကျောင်းခြံစည်းရိုး အကာအရံ၊ တခန်းအတွက် > $100
၂) သံဃာ့ ဆေးဓာနအလှူ၊ ၂၀၁၃ တလအတွက် > $165
၃) ကျောင်းတိုက်တိုးတက်ရေး နှင့် အရှည်တည်တံရေး ၂၀၁၃ တလ အလှူ > $300

ဖိတ်စာ ကို အကြီးချဲ့ကြည့် ရန် ဓာတ်ပုံပေါ်ကို နှိပ်ပါ..၊

No comments:

Post a Comment